အနီးအနားရှိထင်ရှားသောနေရာများ

ဆူးလေဘုရား

ဆူးလေဘုရားဟာမြန်မာနိုင်ငံမှာတော့လူသိများတဲ့ဘုရားတွေထဲမှ တစ်ဆူဖြစ်ပါတယ်။သက်တမ်းနှစ်ပေါင်း ၂၅၀၀ခန့်ရှိပြီဖြစ်တဲ့ဆူးလေဘုရားဟာ ရန်ကုန်မြို့လယ် တည့်တည့်တွင်တည်ရှိပါသည်။

Scott ဈေး

Scott ဈေးလို့လူသိများတဲ့ဗိုလ်ချူပ်အောင်ဆန်းဈေးကတော့ နိုင်ငံခြားသားများအထူးနှစ်သက်တဲ့နေရာတစ်ခုပါ။ဒီဈေးမှာ ကိုလိုနီခေတ်ရဲ့အငွေ့အသက် ဗိသုကာလက်ရာတွေကိုခံစားပြီး ပြည်တွင်းဖြစ် လက်ဆောင်ပစ္စည်းတွေ၊ကျောက်မျက်ရတနာတွေ၊အထည်ချူပ်ပစ္စည်းတွေ ဝယ်ယူရရှိနိုင်ပါတယ်။

မဟာဗန္ဓုလပန်းခြံ

မဟာဗန္ဓုလပန်းခြံသည် ရန်ကုန်မြို့လယ်တွင် တည်ရှိသောအများသုံးပန်းခြံ ဖြစ်ပါသည်။ပန်းခြံ၏အရှေ့ဘက်တွင်Maha Bandula Garden လမ်း၊အနောက်ဘက်မှာSule Pagoda လမ်း၊တောင်ဘက်မှာKonthe လမ်း၊မြောက်ဘက်မှာ Maha Bandula လမ်းရှိပါသည်။ပန်းခြံ၏အနီးအနားတွင် ဆူးလေဘုရား၊ရန်ကုန်မြို့တော်ခန်းမ၊တရားရုံးချူပ် တို့တည်ရှိပါသည်။

ရန်ကုန်မြို့ပတ်ရထား

ရန်ကုန်မြို့ပတ်ရထားကို ၁၉၅၄ ခုနှစ်တွင် ဗြိတိသျှတို့က တည်ဆေက်ခဲ့သည်။မြို့ပတ်ရထားဟာဘူတာ၃၉ခုမှာရပ်ပါသည်။ခရီးစဉ်တစ်ခုလုံးဆိုရင် ၃ နာရီကြာမြင့်ပါမည်။

မြို့တော်ခန်းမ

ရန်ကုန်မြို့တော် ခန်းမကို ရန်ကုန်ဘူတာကြီးကို ဒီဇိုင်းရေးဆွဲခဲ့သည့် ဦးတင်ကပဲ ရေးဆွဲခဲ့သည်။ ၁၉၂၆ ခုနှစ်မှာစတင် တည်ဆောက်ခဲ့ပြီး ၁၉၃၆ ခုနှစ် တွင်ဆောက်လုပ်ပြီးစီးခဲ့သည်။

ရွှေတိဂုံဘုရား

ကမ္ဘာပေါ်ရှိ အမြင့်ဆုံးဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံစေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိပါသည်။လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်းခေါ်တွင်ပါသည်။စေတီအစ ရွှေတိဂုံက ဟုလည်းဆိုသမှတ်ပြုကြပါသည်။